System 286 (On Going) Beginning… 🐾
All chapters are in System 286 (On Going)
A+ A-
Zawgyi
System ချိတ်ဆက်ပြီး…..
System: “10000”
5..4..3..2..1.”
ထို့နောက် ကယ်ရီ ခေါင်းထဲသို့ထူးဆန်းတဲ့မှတ်ဥာဏ်တွေ ဆက်တိုက်ဝင်လာတွေသည်။ မှတ်ဥာဏ်တွေ ကြည့်ပီးနောက် ကယ်ရီ ပြုံးပြုံးကလေးနဲ့ တစ်ခွန်းတည်းပြောလိုက်တော့သည်…။
“FUCK..! ဒါလားလွယ်တာ “
☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Unicode
System ချိတ်ဆက်ပြီး…..
System ချိတ်ဆက်မှုအောင်မြင်သည်….
ဟယ်ရီ နားထဲထူးဆန်းတဲ့ကွန်ပျူတာအသံကိုကြားလိုက်ရသည်။
“ဘာလဲဟ…. အိမ်မက်ကြီးက ဆောင်းတွင်းမလို့ ကယောင်ချောက်ချား တွေမက်နေတာလား..”
“Hello host… ! ကြိုဆိုပါတယ်…. ကျွန်တော်က Host ကိုတာဝန်ယူပေးရမဲ့ System 286ပါ..”
“ဟမ်..!? ဘာကြီး…ငါဘယ်ရောက်နေတာလဲ။ မင်းပြောတဲ့systemဆိုတာရောဘာလဲ..”
ကယ်ရီ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့လည်း ဟင်းလင်းပြင်ကြီး တစ်ခုသာမြင်ရသည်။ System ဆိုသည်မှာလဲ အသံသာကြားရတယ် ဘယ်မှာမှရှာမတွေ့။ကယ်ရီတစ်ယောက်စိတ်ထဲ လန့်သလိုရှိလာတယ်…မဟုတ်ဘူး..ကြောက်ကိုကြောက်လာတာ..။
ကယ်ရီက တစ်ကောင်ကြွက် ဆွေမရှိ၊မျိုးမရှိ မိဘမဲ့။ ကျောင်းမှာလဲဘယ်သူနဲ့မှစကားမပြော အမြဲတစ်ယောက်တည်းနေတတ်တဲ့သူမျိုး။အများကတော့ကယ်ရီကို မာနကြီးတယ်ဆိုပီး ဝေးဝေးကရှောင်ကြတယ်..။ အမှန်က ကယ်ရီက ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေလာရတော့ လူကြောက်တတ်တာ..။ အခုလည်းကြည့် ဒီလိုထူးဆန်းတဲ့နေရာကြီးကို ရောက်နေတော့ ကြောက်တာပေါ့…။
System: “Host ဘာမှမမှတ်မိတော့ဘူးလား..? Host ဟာသေဆုံးသွားခဲ့ပီလေ…”
“မင်းဘာတွေပြောနေတာလဲ… ငါကဘာလို့သေရမှာလဲ…ငါမနက်ကတောင်ကျောင်းသွားသေးတယ်။ကျောင်းဆင်းတော့ အချိန်ပိုင်းအလုပ်သွားတယ်။ အလုပ်ကဆင်းတော့ ညစာအတွက် ခေါက်ဆွဲထုပ် တောင်ဝယ်လာသေးတယ်။ ပြီးတော့ငါ….ငါ……”
ကယ်ရီမှတ်မိလိုက်ပါပီ..။ကယ်ရီအလုပ်ကအပြန် လမ်းမှာကလေးတစ်ယောက်ကိုကယ်ရင်း ကုန်တင်ကားနဲ့တိုက်မိခဲ့တယ်.။ ပြီးတော့ကယ်ရီလေထဲလွင့်နေသလိုခံစားရတယ်။နောက်တော့ System ဆီကထူးဆန်းတဲ့အသံတွေကြားရတော့တာပဲ။
“ငါ..ငါတကယ် သေသွားပီလား။ ငါ့ဘဝကဒီလိုကြီးပဲအဆုံးသတ်သွားတာလား။ငါက အခုမှ၁၈နှစ်ပဲရှိသေတယ်လေ။ငါတကယ်ကြီး ဒီလိုသေဆုံးသွားတာလား….”
System: “Host စိတ်မကောင်းမဖြစ်ပါနဲ့။ Host ဟာသေဆုံးဖို့လဲအချိန်မတန်သေးသလို စိတ်ကောင်းနှလုံးကောင်းရှိပီး ကလေးကိုကယ်တင်ရင်းသေဆုံးသွားတာမလို့ ပြန်လည်ရှင်သန်ဖို့ အခွင့်အရေး ရှိပါတယ် “
“ပြန်လည်ရှင်သန်ဖို့ အခွင့်အရေး ဟုတ်လား…။ ဘယ်လိုမျိုးလဲ အဲဒီအခွင့်အရေးဆိုတာ..??”
System: “Host ကမတူညီတဲ့ကမ္ဘာတွေမှာ မစ်ရှင်ထမ်းဆောင်ပီး point တွေစုရမှာပါ။ မစ်ရှင်အောင်မြင်သွားရင် အဲ့ကမ္ဘာမှာပဲ ထာဝရနေနိုင်သလို တခြားကမ္ဘာတွေဆီဆက်သွားပီး တာဝန်ထမ်းဆောင်ရင်း point တွေစုနိုင်ပါတယ်။ လိုအပ်တဲ့ point တွေရရင် Host ရဲ့မူရင်းကမ္ဘာကိုpointနဲ့လဲပြီး ပြန်သွားလို့ရပါတယ်..။Host ရဲ့ရွေးချယ်မှုပါ…. Host ပြန်သွားနိုင်သလို ပုံရိပ်ယောင်ကမ္ဘာထဲမှာလည်းနေခဲ့လို့ရပါတယ်..”
“အာ…. တကယ်ကြီးလား.. point တွေစုပီးရင် ငါပြန်သွားလို့ရတယ်ပေါ့။ ငါသေစရာမလိုတော့ဘူးပေါ့..”
System: “ဟုတ်ပါတယ် Host ပြန်သွားနိုင်ပါတယ်”
“အဲတာဆိုမြန်မြန်ပြော ငါpointဘယ်လောက်စုဖို့လိုလဲ…”
System: “10000”
“Host သဘောတူရင် ပထမကမ္ဘာကို ကူပြောင်းခြင်းစတင်ပါတော့မယ် ။ ပထမဆုံးကမ္ဘာဖြစ်လို့ မစ်ရှင်တွေက အရမ်းလွယ်နေပါလိမ့်မယ် ..။ ကံကောင်းပါစေ Host.. “
“ကူးပြောင်းမှုစတင်သည်.
5..4..3..2..1.”
ကယ်ရီ အမြင့်မှပြုတ်ကျသလိုရုတ်တရက်ကြီးခံစားလိုက်ရသည်။ခေါင်းတစ်ခုလုံးလည်း အရိုက်ခံထားရသလိုနာကျင်နေသည်..။
” ဟေးး System မင်းရှိလား….
ဘာလို့ငါ့ခေါင်းတွေက ဒီလောက်နာကျင်နေရတာလဲ..”
System: ” Host သည်းခံလိုက်ပါ.. ကူပြောင်းခါစမလို့ နာကျင်တာပါ ။ အဆင်ပြေသွားမှာပါ..။ Host အဆင်သင့်ဖြစ်ရင် မှတ်ဉာဏ်လွှဲပြောင်းခြင်းစတင်ပါတော့မယ်..”
ထို့နောက် ကယ်ရီ ခေါင်းထဲသို့ထူးဆန်းတဲ့မှတ်ဉာဏ်တွေ ဆက်တိုက်ဝင်လာတွေသည်။ မှတ်ဉာဏ်တွေ ကြည့်ပီးနောက် ကယ်ရီ ပြုံးပြုံးကလေးနဲ့ တစ်ခွန်းတည်းပြောလိုက်တော့သည်…။
“FUCK..! ဒါလားလွယ်တာ “
☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N: System fic တွေဖတ်ရတာ သဘောကျလို့ ပထမဆုံးဖန်တီးမိတဲ့ ficလေးပါ အမှားပါရင်ခွေးလွှတ်ကြပါ 😗😗
Tags: read novel System 286 (On Going) Beginning… 🐾, novel System 286 (On Going) Beginning… 🐾, read System 286 (On Going) Beginning… 🐾 online, System 286 (On Going) Beginning… 🐾 chapter, System 286 (On Going) Beginning… 🐾 high quality, System 286 (On Going) Beginning… 🐾 light novel, ,
Comment
Leave a Reply
Chapter 1